လုပ်ငန်းရှင်များအတွက် မြန်ကူ အထောက်အပံ့ လျှောက်လွှာ

 

အောက်ဖော်ပြပါပုံစံသည် Myan Ku (မြန်ကူ) အကျိုးခံစားခွင့်ရရှိရန်အတွက် စက်ရုံမန်နေဂျာများမှ ၄င်းတို့၏အလုပ်သမားများအတွက် လျှောက်ထားပေးနိုင်ရန် ဖြစ်သည်။ မြန်ကူ အထူးအစီအစဉ်သည် ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် UNOPS နှင့် SMART တို့မှ အကောင်အထည်ဖော်ဆောင်ရွက်သည့် အထည်ချုပ်နှင့်ဖိနပ်စက်ရုံ အလုပ်သမားများအတွက် အရေးပေါ်ရန်ပုံငွေ ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ အလုပ်သမားများသည် အလုပ်မှထုတ်ပယ်ခံရခြင်း၊ လုပ်ခလစာရရှိ၍ ဆိုင်းငံ့ထားခြင်း၊ လုပ်ခလစာပေးခြင်းမရှိပဲ ဆိုင်းငံ့ထားခြင်း (သို့မဟုတ်) အလုပ်ချိန်လျှော့ချ၍ အလုပ်လုပ်ကိုင်နေခြင်း စသည့် အခြေအနေများရှိပါက ထောက်ပံ့ငွေလျှောက်ထားရန် ကိုက်ညီပြည့်မီပါသည်။ မြန်ကူငွေသားခံစားခွင့်များအားလုံးသည် အလုပ်သမားထံသို့ တိုက်ရိုက်ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး  ငွေသားခံစားခွင့်ကို ကျွနု်ပ်တို့ဘက်မှ ဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် စက်ရုံမန်နေဂျာများအနေဖြင့် အောက်ပါ လျှောက်လွှာပုံစံတွင် ဆိုင်းငံ့ထားခြင်း (သို့) အလုပ်မှထုတ်ပယ်ခံသည့် အလုပ်သမားများစာရင်းကို တင်ပြပေးရန် တိုက်တွန်းပါသည်။ 

သတ်မှတ်ချက်နှင့်ပြည့်မီသော စံနှုန်းများနှင့်ပတ်သက်၍ အသေးစိတ်ကို အောက်ပါ PDF လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။ 

Eligibility criteria (English)
Eligibility criteria (မြန်မာ)

ပိုမိုသိရှိမေးမြန်းလိုပါလျှင် ၊ ကျွနု်ပ်တို့၏ ပုဂ္ဂလိကထောက်ပံ့ကူညီပေးသည့် ဌာနသို့ ခေါ်ဆိုနိုင်ပါသည်။  09-750208887

SMART သည် DICA ဖြင့် အတည်ပြုသည်
လိုအပ်သည့်စာရွက်စာတမ်းများအား Excel (သို့မဟုတ်) Word ပုံစံဖြင့် တင်ပြသည့်စက်ရုံများသည် ဦးစားပေးလုပ်ဆောင်မှု ရရှိမည်ဖြစ်ပါသည်။ စာရင်းတွင် အလုပ် သမား အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ် နှင့် SSB (ရှိပါက) ၊ အသက် နှင့် ကျား၊မ စသည့် အခြားအချက်အလက်များအား ဖော်ပြပါရှိရမည်။
Excel (သို့) Word ပုံစံဖြင့် ထည့်သွင်းဖော်ပြရပါမည်။
Files must be less than 20 MB.
Allowed file types: doc docx xls xlsx csv.
တရားဝင် နာမည်အပြည့်အစုံကို ဖော်ပြပါ။